Spell to Love Me
သူချစ်လာစေဖို့ ယတြာ
ယတြာဆိုတိုင်း လူတော်တော်များများက လျှို့ဝှက်ဆန်းကြယ်တယ်။ ဗေဒင်နဲ့ ဆက်စပ်တယ်လို့ထင်နေကြတယ်။ အခုကျွန်တော် အစ်ဇီ ပြောပြမယ့် ယတြာကတော့ လက်တွေ့ကျကျ ယတြာလေးပါ။ အခုလုပ်ရင်အခုထူးမယ်ဗျာ။ သိပ်စွမ်းတာ။ သိသူကျော်သွား မသိသူဖော်စားတဲ့။ လောကမှာ လူအများစုက ဖြစ်ချင်တာတွေကိုဘဲ စဉ်းစားတယ်။ ဖြစ်ချင်တာတွေဘယ်လိုဖြစ်လာအောင်လုပ်ရမလဲ ဆိုတာ ဘယ်တော့မှ မစဉ်းစားဘူး။ အဓိကကတော့ ဖြစ်ချင်တာတွေဖြစ်လာအောင် လုပ်နိုင်တဲ့နည်းလမ်းရှိရင် ဖြစ်ချင်တာတွေကဖြစ်လာမှာပေါ့။ အခု ကျွန်တော်က ဖြစ်ချင်တာတွေ ဖြစ်လာဖို့ ချစ်စေလိုသူ ချစ်လာဖို့ ယတြာလေးပေးလိုက်မယ်။ ယတြာ နာမည်က "S" ယတြာ တဲ့။
"S" ယတြာဆိုတာ ဘာလဲ။
"S" ယတြာဆိုတာ "S" ဆိုတဲ့စကားလုံးလေးအပေါ် အခြေခံပြီး သူချစ်လာအောင်လုပ်ဖို့ပါဘဲ။
အများစုသောသူတွေထင်တာက "သူ" ဆိုတာ ချစ်သူ၊ကိုယ်ချစ်ရသူ လို့ဘဲထင်နေတယ်။ မဟုတ်ဘူးနော်။ ဒီနေရာမှာ ကိုယ်ချစ်ရသူမှမဟုတ်ဘူး အမေ၊အဖေ၊ဆရာ၊ဆရာမ၊ကိုယ့် အလုပ်ရှင်၊ ကိုယ့် သူငယ်ချင်း၊ ကိုယ်နဲ့မတည့်သူ၊ကိုယ့်ပြိုင်ဘက်၊စသဖြင့် ကိုယ့်ခံစားချက်နဲ့ကိုယ် သတ်မှတ်ပါ။
ဟုတ်ပြီ။ဒါဆို အဲဒီ့သူဆိုတဲ့သူကြီး ချစ်လာအောင်ဘယ်လို လုပ်ရပါ့မလဲ။ ကဲ အဲဒီ့မှာဗျာ "S" ယတြာ။
သူကိုယ့်ကိုချစ်လာအောင်ဆိုတဲ့နေရာမှာ အရင်ဆုံး အပြောင်းအလဲလေးတော့လုပ်ရမယ်။ ပြောင်းလဲချိန်တန်ပြီလေ။ ပြောင်းလဲတယ်ဆိုတာတောင် ပါတီကနှစ်ခုကွဲသွားသေးတယ်။ နိုင်ငံရေးပြောနေတာမဟုတ်ဘူးနော်။ ပထမ ပါတီက "သူ"ဆိုတာ ကိုယ်ချစ်ရသူ သူကကိုယ့်ကိုမချစ်လို့ချစ်စေချင်တာ အဲသလို သူဆိုရင်တော့ သူဆိုတဲ့ ကိုယ်ချစ်ရသူကိုပြောင်းရင်ပြောင်း အဲဒီလိုမှမဟုတ်ရင်တော့ကိုယ့်ကိုယ်ကို ပြောင်းပေတော့။ ဒုတိယပါတီက ကိုယ်နဲ့မတည့်တဲ့သူက ကိုယ့်ကိုချစ်လာစေချင်တယ်ဆိုရင်တော့ သူ့ဆီက ကိုယ်မကြိုက်တဲ့အချက်တွေကို ပြင်ပါ။ လူအများစု ကအဲဒီ့အဆင့်လောက်အထိတော့လုပ်တတ်ကြပါတယ်။ သူနဲ့အဆင်မပြေရင် သူ့ဆီက ကိုယ်မကြိုက်တာကိုပြင်တတ်ကြတယ်။ အပြန်အလှန်အားဖြင့်ကိုယ့်ဆီမှာရှိတဲ့ သူမကြိုက်တဲ့အချက်တွေကိုတော့မပြင်တတ်ကြဘူး။
အဓိကကတော့ ပါတီနှစ်ခုလုံးမှာကိုယ့်ကိုယ်ကိုပြင်ဖို့ဘဲ။ကိုယ့်ကိုယ်ကိုပြင်ဖို့အတွက် "S" ယတြာကိုသုံးကြရအောင်။
"S" ယတြာ ကိုအသုံးပြုဖို့"S"၅လုံးလိုတယ်။
Smart à စမတ်ကျရမယ်။ထက်မြက်ရမယ်။စမတ်ကျပြီးထက်မြတ်တဲ့လူတစ်ယောက်ကိုလူတိုင်းလေးစားတယ်။
Strong àကြံ့ခိုင်ရမယ်။သန်မာရမယ်ဆိုတာထက် ကိုယ်ရောစိတ်ရောကြံခိုင်ဖို့လိုတယ်။ဒါမှလည်းတော်ရုံပြဿနာဆို စိတ်အေးအေးနဲ့ဖြေရှင်းနိုင်မှာပေါ့။
Smile àပြုံးနေပါလို့ပြောတာမဟုတ်ဘူးနော်။လူဘဲအချိန်တိုင်းတော့ဘယ်ပြုံးနိုင်ပါ့မလဲ။ဒါပေမယ့် တတ်နိုင်သလောက်တော့ ပြုံးပြုံးရွှင်ရွှင် တတ်တတ်ကြွကြွနေပါ။
Say positively အကောင်းဘက်ကပြောပါ။ စကားကိုလှအောင်ပြောပါပေါ့။ ဥပမာ။ ။ ကောင်မလေးကို မလှတဲ့နေရာလေး ချန်ပြီး လှတာလေးတွေချည်းရွေးပြောတာမျိုးပေါ့။ နောက်ထပ် ဥပမာပေးရရင် မိတ်ဆွေတစ်ယောက်ရဲ့အိမ်သွားတယ်။သူ့သမီးလေးက လူကြီးရှေ့လည်း အနေအထိုင်မတတ် မျက်စိနောက်အောငါ ရွနေတယ်ဆို ဘာပြောမလဲ။ "ဟယ် နင့်သမီးက စပ်စလူးခါနေတာဘဲဟယ်"လို့ပြောမလား။No!
How? နင့်သမီးက ရွလိုက်တာဟယ်။စပ်စလူးကိုခါနေတာဘဲ။ ပြောမယ့်အစား "သြော်… သမီးလေးက သွက်တယ်နော်" ဆိုတော့ မျက်နှာမပျက်ရဘူးပေါ့။
Strategy à ဗျူဟာ ကလည်းအရမ်းအရေးကြီးပါတယ်။ သူနဲ့ကိုယ်နဲ့ကြားမှာ အသင့်တော်ဆုံးဖြစ်မယ့်။အကောင်းဆုံးဖြစ်မယ့်။ ဗျူဟာကို ရွေးချယ်တတ်ရတာပေါ့။ ဥပမာ- ဆေးကျောင်းသူကို ရည်းစားစကားပြောမယ်ဆို ကိုယ်က မင်းရဲ့အရေးပေါ်လူနာတွေထဲကတစ်ယောက်ပါ။ မင်းရဲ့အချစ်ဆိုတဲ့ အသက်ကယ်ဆေးကိုမှမရရင် ကိုယ်နှလုံးသားလေး ရင်ခွဲရုံရောက်သွားပါလိမ့်မယ်။ဘာညာပေါ့။ အဓိကကတော့ ကိုယ့်အခြေအနေပေးလိုက်ပြီး ဗျူဟာချဖို့ဘဲ အရေးကြီးတယ်။
အဲဒီ့ "S" ၅လုံးပြည့်ရင်တော့ သေချာပြီ သူမင်းကိုပြန်ချစ်ပြီဗျာ။…
ကဲ…လူသားအားလုံး ဖြူစင်သောချစ်ခြင်းများဖြင့် ငြိမ်းချမ်းသောကမ္ဘာမြေကိုဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းရင်း……