Life Ship Theory
ဘဝသင်္ဘောနိယာမ
ဒီTheoryလေးကတော့ ကျွန်တော်ကို Speaking သင်ပေးတဲ့ နိုင်ငံခြားသားဆရာမ တစ်ယောက်ရဲ့ မွေးနေ့မှာ သူ့ကိုလက်ဆောင်ပေးခဲ့တဲ့ Theory လေးပေါ့။ သူ့ကိုလက်ဆောင်ပေးခဲ့သလို စာဖတ်သူတို့ကိုလည်းလက်ဆောင်ပေးချင်လို့ ဒီအပိုင်းလေးကို ကျွန်တော့်နှလုံးသားရင်ပြင်မှ ကောက်နှုတ်တင်ဆက်ပေး လိုက်ပါတယ်။
သင်သည် ယခု အဆုံးမရှိ ကံကြမ္မာပင်လယ်ပြာကြီး ထဲကိုရောက်သွားပါပြီ။ သင့်တွင် ဘဝသဘောင်္ကြီး တစ်ခုပိုင်ဆိုင်ထားပြီး ထိုသင်္ဘော၏ မာလိန်မှုးမှာသင်ပင်ဖြစ်သည်။
ကျွန်တော့် Theory လေးကတော့ဒါပါဘဲ။
ကျွန်တော်တို့ ဘဝဟာ သင်္ဘောတစ်စင်းလို မောင်းနှင်မှရွေ့ပါတယ်။ ဒီလိုဘဲ မှားယွင်းမှုဆိုတဲ့ လေပြင်းတွေကို အသိဉာဏ်ဆိုတဲ့ ရွက်နဲ့ အသုံးချ သင်ခန်းစာယူရင်း မိမိသင်္ဘောကို ရှေ့ရောက်အောင်လုပ်ရမှာဘဲ။ လေပြင်းတိုက်လို့ ရွက်မချဘဲ နေရင် သင်္ဘောက ရှေ့မရောက်တဲ့ အပြင် ပိုတောင် တိမ်းစောင်းသွားနိုင်သလို ဘဝမှာ အမှားတွေလုပ်မိလို့ အမှားက သင်ခန်းစာမယူနိုင်ရင် လမ်းမှားရောက်တတ်ပါတယ်။ တစ်ခါတစ်ရံတော့ ပြဿနာဆိုတဲ့ လှိုင်းလုံးတွေကို ကျော်ဖြတ်ရင်း အားပေးမှုလေပြည်တွေကို ခံစားရတတ်တယ်။ ပြဿနာတွေကတော့ လှိုင်းလုံးတွေလို လာမှာဘဲ။ သင်သင်္ဘောရှေ့သွားနေလေ ပိုကြီးတဲ့လှိုင်းလုံးနဲ့တွေ့လေဆိုသလို သင်ပိုအရေးကြီးတဲ့ကိစ္စတွေလုပ်လေ သင်ပိုကြီးတဲ့ပြဿနာတွေ တွေ့ရမှာပါဘဲ။ သင်္ဘော သွားနေချိန်မှာ ကျောက်ဆူးမချရသလို သင်ဘဝတိုးတက်အောင်လုပ်နေချိန်မှာလည်း ကိုယ့်ကိုယ်ကို အပြစ်မရှာပါနဲ့။ သင်ဟိုဘက်ကမ်းရောက်ပြီဆိုရင်တော့ ကျောက်ဆူးတွေချပါ။ သင်အောင်မြင်ပြိးရင်တော့ ကိုယ့်ကိုယ်ကို ဝေဖန်ပါ။ ကိုယ်မှာဘာအပြစ်တွေရှိလဲ။ ကိုယ်ဘာတွေလိုလဲ ဖြည့်စွက်ပါ။ ကံဆိုးမှုဆိုတဲ့ မုန်တိုင်းကိုတွေ့ရတတ်ပေမယ့် သင့်သင်္ဘောက ခိုင်မာနေရင် သင်စိတ်ဓာတ်ကြံခိုင်နေရင် ကြောက်စရာမလိုပါဘူး။
နေဝင်ပြီးရင် ထွက်ရစမြဲပါ။
မှောင်ပြီးရင် လင်းရစမြဲပါ။
သင့်သင်္ဘောကို ပြင်ဆင်ပါ။
သင့်ဘဝကို မြှင့်တင်ပါ။
တစ်ဖက်ကမ်းမှာ ပြန်တွေ့ပါရစေ။